
Myanmar Royal College ကို နိုင်ငံတကာနှင့်စီးပွားရေးလုပ်ငန်းများကို အတွေ့အကြုံရှိသော သူများမှ -တည်ထောင်ဖွဲ့စည်းထားသော ကျောင်းဖြစ်သည်။ သင်တန်းစတင်ဖွင့်လှစ်ခါစက
ပြည်တွင်းလက်မှတ်များကိုသာ ဖွင့်လှစ်ခဲ့သော်လည်း၊ လျှင်မြန်စွာ တိုးတက်လာပြီး
ယခုအခါ နိုင်ငံတကာတက္ကသိုလ်များနှင့်ချိတ်ဆက်ကာ စီးပွားရေနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဘွဲ့၊ ဒီဂရီအမျိုးမျိုးကို ၂၀၁၆ ခုနစ် တွင်စတင်ဖွင့်လှစ်ပါသည်။
Myanmar Royal College သည် နိုင်ငံတကာ အသိအမှတ်ပြု Executive Education၊ Vocational Education များကို ပို့ချနေသော ကောလိပ်ဖြစ်ပါသည်။ ကောလိပ်တည်ထောင်သူသည် သင်ကြားရေလောကကို အတွေ့အကြုံရှိပြီး၊ ပြည်တွင်း/ပြည်ပစီးပွားရေးလုပ်ငန်းခွင်နယ်ပယ်တွင် အမှုဆောင်အဆင့်ဖြင့်လဲ အတွေ့အကြုံ ဆယ်စုနှစ် တစ်ခုမက အတွေ့အကြုံရှိပါသည်။
ကောလိပ်တွင် သင်ကြားပို့ချနေသာ ပါမောက္ခ၊ ကထိကနှင့် ပြင်ပကျွမ်းကျင်ပညာရှင်များသည် နိုင်ငံတကာမှ မာစတာ၊ ဒေါက်တာဘွဲ့ရများဖြစ်ကြပြီး၊ ပြည်တွင်းရှိအစိုးရ တက္ကသိုလ်များတွင်လဲ
အတွေ့အကြုံမြောက်များ စွာရှိသော ဆရာ၊ ဆရာမများဖြင့် အလွန်ခိုင်မာသော ပညာရေးဘုတ်အဖွဲ့ကို ဖွဲ့စည်းထားပါသည်။
Myanmar Royal College သည် ရန်ကုန်မြို့၏ အချက်အခြာကြသော လှည်းတန်းတွင်တည်ရှိပြီး၊ အလွယ်တကူ ကျောင်းသို့ ဘတ်စ်ကားလိုင်းအမျိုးမျိုး၊ Taxi အမျိုးမျိုးဖြင့် လာရောက်နိုင်သော နေရာတွင်တည်ရှိသည်။ စာသင်ခန်းများမှာလဲ လေအေးပေးစက်တပ်ဆင်ထားပြီး၊ သင်တန်းတစ်တန်းလျှင် အာရုံစူးစိုက်နိုင်ရန်အတွက် သင်တန်းသား/သူ (၂၅) ယောက်ထက် ပိုမိုပြီး လက်မခံပါ။ ကျောင်းတွင် ကော်ဖီ၊အင်တာနက်ကို စိတ်တိုင်းကျ သုံးစွဲခွင့်ရှိပြီး၊ မိမိတို့ သင်ယူသည့် အစီအစဉ်အလိုက် Virtual Library ကို အသုံးပြုခွင့်နှင့် စာအုပ်များကိုလဲ လွတ်လပ်စွာ သုံးစွဲခွင့်ပြုထားပါသည်။
အနာဂတ်မျှော်မှန်းချက်
- နိုင်ငံတကာအသိအမှတ်ပြု ပညာရေးကို ဘ၀တစ်သက်တာသင်ယူမှုအတွက် ပြည်တွင်းတွင်သာ၊ရွေးချယ်သင်ယူခွင့် ရရှိရန်
ရည်ရွယ်ချက်
- နိုင်ငံတကာအဆင့် ပညာရေးကို၊ အသင့်တော်ဆုံးဈေးနှုန်းဖြင့် ပြည်တွင်းတွင် သင်ယူခွင့်ရစေရန်