- Home
- / Rent2Own Co, Ltd
Rent2Own Co, Ltd
3 Jobs Found
About Rent2Own Co, Ltd
ကျွန်ုပ်တို့ Rent 2 Own (Myanmar) Co., Ltd. သည် ကျေးလက်ဒေသနေပြည်သူများ၏ ဆိုင်ကယ်လိုအပ် ချက်များကို ဆိုင်ကယ်တစ်စီး ဝယ်ယူရန် ငွေအလုံအလောက်ရှိစရာမလိုပဲ ငှားရမ်းခြင်းမှတဆင့် ပိုင်ဆိုင်နိုင်အောင် ဝန်ဆောင်မှုပေးတဲ့
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော ကုမ္ဗဏီအဖြစ် ၂၀၁၆ခုနှစ် အစောပိုင်းမှစ၍ ရန်ကုန်တိုင်း သန်လျင်မြိုနယ်တွင် ဝန်ဆောင်မှုစတင်ပေးခဲ့ပါသည်။ ၂၀၁၆ မှ ၂၀၁၉ ၃နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံ တ ဝှမ်းလုံးရှိ တိုင်းနှင့်ပြည်နယ် ၇ ခုတွင် ရုံးခွဲပေါင်း ၃၉ ရုံးဖွင့်လှစ်လုပ်ကိုင်နိုင်ခဲ့ပြီး ဝန်ထမ်းအင်အား ၄၀၀ ကျော်နှင့် အတူ မြန်မာနိုင်ငံ တဝှမ်းလုံးရှိ ဆိုင်ကယ်လိုအပ်နေသော ပြည်သူများကို ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။
ကျွန်ုပ်တို့ အဓိက ဝန်ဆောင်မှု သည် တောင်သူလယ်သမားများ၊ အသေးစား အလတ်စား လုပ်ငန်းလုပ်ကိုင်လိုသူ များနှင့် ကျေးလက်နေပြည်သူများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်နေ့စဉ် ဘဝ လှုပ်ရှားမှုများအတွက် မရှိမဖြစ်လိုအပ်သော ဆိုင်ကယ် တစ်စီးကို ဖြည့်ဆည်းပေးခြင်းဖြစ်ပါ တယ်။
ကျေးလက်နေပြည်သူများ၏ ခရီးသွားလာရေးနှင့် နေ့စဉ်ဘဝလှုပ်ရှားမှုများ တိုးတက်စေရန်အတွက် ကျွနု်ပ်တို့ သည် တဖက်တလမ်းမှ ဝန်ဆောင်မှုပေးနိုင်သည့်အတွက် အလွန်ပင် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ကျွနု်ပ်တို့၏ နေ့စဉ်ဘဝသွားလာလှုပ်ရှားမှုတွင် ဆိုင်ကယ်သည် အရေးအကြီးဆုံးသော အခန်းကဏ္ဍမှ ပါဝင်နေသည်ဆိုတာ ကျွနု်ပ်တို့အားလုံးအသိပင် ဖြစ်သည်။ ကျွနု်ပ်တို့၏ရည်မှန်းချက်မှာ မြန်မာတစ်နိုင်ငံလုံးရှိ ကျေးလက်နေပြည်သူများ ၏ လူနေမှုဘဝများ တိုးတက်မြင့်မားလာစေရန်၊ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေချောမွေ့စေရန်နှင့် အလုပ်အ ကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်သည်။
တစ်ဆနှင့်တစ်ဆ ကြီးထွားလာသော ကုမ္ဗဏီ တစ်ခုအနေဖြင့် ကျွနု်ပ်တို့ ကုမ္ဗဏီလုပ်ငန်းများ ထပ်မံချဲ့ထွင်ရန် အတွက် ဝန်ထမ်းသစ်များ အစဉ်အမြဲ စုဆောင်းလျက်ရှိပါသည်။ အသင်းအဖွဲ့စိတ်ဓါတ်ရှိသော၊ အေးဆေးတည်ငြိမ် ပြီး ကောင်းမွန်သောပညာရေးနောက်ခံ၊ ရိုးသားကြိုးစားပြီး တက်ကြွဖျက်လက်သောသူများအား ကျွနု်ပ်တို့ ကုမ္ဗဏီ နှင့် လက်တွဲလုပ်ကိုင်ရန် အမြဲ ကြိုဆိုလျက်ရှိပါသည်။