Junior Customer Service Officer ( Thanlyin Branch )
Job Summary
− လုပ်ငန်း အတွေ့အကြုံအနည်းဆုံး (၁) နှစ်ရှိရမည်။ - သန်လျင် တွင်နေထိုင်သူများဖြစ်ရမည်။
- Minimum Qualification: Bachelor
- Experience Level: Entry level
- Experience Length: 1 year
Job Description/Requirements
- ဖောက်သည်များအား နွေးထွေးစွာကြိုဆို၍ ဖောက်သည်များ၏မေးခွန်းများအား လူချင်တွေ့၍ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ (သို့) အီးမေလ်ဖြင့်ဖြစ်စေ ဆက်သွယ်ဖြေကြားရမည်ဖြစ်ပြီး ဖောက်သည်များနှင့် ဆက်ဆံရေးကောင်းမွန်မှုကို ထိန်းသိမ်းရမည်။
- ချေးငွေများအတွက် ချေးငွေအရာရှိများထံမှ Loan Application Forms များကို လက်ခံရမည်။
- ချေးငွေအရာရှိများမှ အကဲဖြတ်ဆွေးနွေးထားသော ဖောင်များကို ပြန်လည်စစ်ဆေးရမည်။
- ဖောင်တွင်ပါရှိသော အချက်အလက်များပြည့်စုံမှန်ကန်မှုရှိမရှိစစ်ဆေးရန်နှင့် အခြားလိုအပ်သောအချက်အလက်များနှင့် ကွဲပြားချက်များအား ခွဲခြားသတ်မှတ်ပေးရမည်။
- အခြားအချက်အလက်များကို ရှင်းလင်းပြီးလျှင် ဖောက်သည်များ၏အချက်အလက်များကို Musoni System တွင် ဖြည့်သွင်းပေးရမည်။
- ချေးငွေစာချုပ်များကို ပြင်ဆင်ပေးရမည်။
- အဖွဲ့ဝင်တစ်ဦးချင်းစီကို ချေးငွေနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းပြပေးရမည်။
- မူရင်းဖောက်သည်များ၏ မှတ်ပုံတင်နှင့် Loan Application Form တွင်ပါရှိသော မှတ်ပုံတင်အချက်များကို သေချာစွာစစ်ဆေးရမည်။
- ဖောက်သည်တစ်ဦးချင်း၏မှတ်ပုံတင်တွင်ပါရှိသောမျက်နှာနှင့် မူရင်းမျက်နှာများအား မှန်ကန်မှုရှိမရှိစစ်ဆေးရမည်။
- Loan Application Form ရှိ အဖွဲ့ဝင်တိုင်း၏အလုပ်အကိုင်များနှင့်အခြေအနေအားလုံး ကိုသေချာစွာမေးမြန်ရမည်။
- Register Book နှင့်အတူဖောက်သည်များ၏အချက်အလက်များအား ထိန်းသိမ်းရမည်။
- ဖောက်သည်တိုင်းအား တိုက်ရိုက်ချေးငွေထုတ်ပေးရန် ပြင်ဆင်ပေးခြင်းနှင့် ဆောင်ရွက်ပေးရမည်။
- နေ့စဉ် ငွေကိုင်ရသည့်တာဝန်ကိုဆောင်ရွက်ရမည်ဖြစ်ပြီး Funds များလက်ခံခြင်းနှင့်ထုတ်ပေးခြင်း များကို ဆောင်ရွက်ရမည်။
- Sr. CSO နှင့်အတူတွဲ၍ ကူညီလုပ်ဆောင်ပေးရမည်။
- လုပ်ငန်းလိုအပ်ချက်အရ လိုအပ်လျှင် အခြားအလုပ်တာဝန်များအားကူညီဆောင်ရွက်ပေးရမည်။
Job Specifications
- တက္ကသိုလ်မှဘွဲ့တစ်ခုခုရရှိထားသူဖြစ်ရမည်။
- အသက် (၂၂) နှစ်မှ (၃၀) နှစ်အတွင်း
- လူမှုဆက်ဆံရေးလေ့လာသင်ယူမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကောင်းမွန်သူဖြစ်ရမည်။
- ကွန်ပျူတာကျွမ်းကျင်သူဖြစ်ရမည်။