Create your free CV! Get a ready-made CV for free by completing 80% of your career profile.  Complete your profile
Open To:
Anyone

Job Summary

လက်ထောက်ဆရာမသည် အတန်းပိုင်ဆရာမနှင့် ဘာသာရပ်ဆရာမများအား သင်ကြားရေးနှင့် အတန်းကိစ္စတို့တွင် အစစအရာရာ အဆင်ပြေအောင် ကူညီပေးရန်၊ ကလေးများအေးချမ်း ပျော်ရွှင်စွာစာသင်ကြားနိုင်အောင် စောင့်ရှောက်ကူညီပေးရန်နှင့် မိဘဆရာများအကြား လိုအပ်သော ကျောင်းကိစ္စအ၀၀တို့အား ပံ့ပိုးပေးရန်နှင့် အကြောင်းကြားပေးရန် တာဝန်ရှိသည်။

  • Minimum Qualification: Bachelor
  • Experience Level: Entry level
  • Experience Length: No Experience/Less than 1 year

Job Description/Requirements

o ကလေးများအားကျောင်းကားများ၊ မိဘများထံမှ ကြို/ပို့ပေးခြင်း။ o ကလေးများနှင့်အတူ ဘုရားရှိခိုးခြင်း။ o အတန်းပိုင်ဆရာမများအားသင်ကြားရေးနှင့် တခြားအစစရာရာဘက်တွင် ကူညီပေးခြင်း။ o အတန်းပိုင်ဆရာမ ကျောင်းမလာသည့်ရက်များတွင်စာသင်ပေးရခြင်း။ o အတန်းပိုင်ဆရာမ စာသင်ချိန်တွင်ကလေးများအား ကူထိန်းပေးခြင်း။ o အတန်းပိုင်ဆရာမ စာသင်ရာတွင် လိုအပ်သည့် စာရွက်စာတမ်းများပြင်ဆင်ပေးခြင်း။ o ကလေးများ ကျောင်းနေပျော်နေစေရန် Art and Craft များပြုလုပ်ပေးခြင်း။ o Communication Book များစစ်ပေးခြင်းနှင့် Complain များရှိပါက အတန်းပိုင်ဆရာမ၊ ဘာသာရပ်ဆရာမ (လိုအပ်ပါက) နှင့် Level Leader တို့ကိုတင်ပြ၍ ဝိုင်းဝန်းကူညီ ဖြေရှင်းခြင်း။ o General Knowledge များရစေရန်အတွက် Story ပြောပြခြင်း။ o Playground တွင်ကလေးများနှင့်အတူကစားပေးခြင်း o Lunch Time နှင့် Snack Time တွင် ကလေးများအား ကူညီကျွေးပေးခြင်း၊ မုန့်ဈေးတန်း တွင် မုန့်ဝယ်ပေးခြင်း။ o ကလေးများအား ထမင်းစားပြီးချိန်တွင် သွားတိုက်ပေးခြင်း၊ အဝတ်အစားလဲပေးခြင်း၊ Bed

Time တွင် သိပ်ပေးခြင်း။ (Pre-school အတွက်သာ) o တစ်ပတ်တစ်ခါ File ပြန်ထည့်ပေးခြင်းနှင့် နှစ်ပတ်တစ်ခါ အိပ်ယာလိပ်အားပြန်ထည့် ပေးခြင်း(Pre-school အတွက်သာ) o ကလေးငယ်များ သန့်စင်ခန်းသွားရာတွင် ကူညီပေးခြင်း။ o အိမ်ပြန်ချိန်တွင် စာအုပ်နှင့် အခြားပစ္စည်းများ မေ့မကျန်စေရန် ကလေးများအားကူညီခြင်း (သို့) သတိပေးခြင်း။ o Music / Dance နှင့် IT အချိန်များတွင် ဝိုင်းဝန်းကူညီပေးရခြင်း၊ o School Activity တွင် ပါဝင်လုပ်ဆောင်ပေးရခြင်း။ o မတော်တဆထိခိုက်မိပါကကိစ္စအသေးအကြီးပေါ်မူတည်၍ ဆေးထည့်ပေးခြင်း၊ မိဘအား ဆက်သွယ်ခြင်းစသည်တို့ လုပ်ဆောင်ရန်။ o အတန်းသို့အမြဲ ၈း၀၀ မတိုင်မီရောက်ရှိရန်။ o ကြိုဆိုရေးတာဝန်ကျပါက မိဘနှင့်ကေလေးများအား ဆက်ဆံရာတွင် အမြဲပြုံးရွှင်နေရန်။ o စာသင်နေချိန်တွင် အားနည်းသော ကလေးများအား ပိုမိုဂရုစိုက်ကူညီရန်။ o စာသင်ခန်းတစ်ခုလုံး ကလေးအားလုံးအား တောက်လျှောက်ကြည့်ရှု၍ ထိန်းကျောင်းရန် (အထူးသဖြင့် အတန်းထဲတွင် မိမိနှင့်ကလေးများသာကျန်နေချိန်များတွင်) o CCA စာရင်းများအလိုက် ကလေးများအား အချိန်မှန် စတင်နိုင်ရန်နှင့် အချိန်မှီ အဆုံးသတ်နိုင်ရန် အမြဲသတိဖြင့်ဆောင်ရွက်ရန်။ o HP များကို အပတ်စဉ် သတ်မှတ်ထားသည့်နေ့မတိုင်မီ အမှတ်သွင်း၍ record အား သေချာသိမ်းဆည်းရန်။ o ဘုရားရှိခိုးခြင်းနှင့် CE အချိန်များတွင် အတန်းပိုင်မရှိပါက ဦးစီး၍ ဆောင်ရွက်ရန်။ o ကလေးများဧ။် အသင်းရောင်များ၊ CCA စာရင်းများ၊ School Bus စာရင်းများအား ကိုယ်တိုင် ဆောင်ရွက်ရန်။ o SLE Point များကို ဘက်လိုက်မှု မရှိပဲနေ့စဉ် စာရင်းသွင်းရန်။ ဝန်ထမ်းသည် Work from home လုပ်ရပါက… o ကျောင်းမှခေါ်သော meeting and training များအား ပုံမှန်တက်ရမည်။ o Internet connection ကောင်းစေရန်နှင့် မီးပြတ်တောက်ခြင်းရှိပါက back up plan များ စီစဉ်ထားရမည်။ o စာသင်ချိန်နီးမှ အင်တာနက်လိုင်းပြတ်ပါက mobile dataအသုံးပြုနိုင်ရန် ပြင်ဆင်ထားရမည်။

o laptop ၊ ဖုန်းများကြိုတင်အားသွင်းထားရန်၊ ကျောင်းချိန်အတွင်း လိုအပ်ပါကကူနိုင်ရန် အမြဲရှိရမည်။ o အင်တာနက်လိုင်းကျခြင်း၊ zoom account ၀င်မရခြင်းနှင့် အခြားသောအရေးကြီးကိစ္စ များအား အထက်လူကြီးထံ အကြောင်းကြားရမည်။ o ကျောင်းမှပို့သော information များအား သိစေရန်နှင့် မိမိနှင့်သက်ဆိုင်သော မေးခွန်းများ အား ပြန်လည်ဖြေကြားနိုင်ရန် သက်ဆိုင်ရာ viber group များတွင် ရုံးချိန်အတွင်း active ဖြစ်နေရမည်။ o Online class အချိန်အတွင်း မိဘများက Subject Teacher ထံသို့ ပြောခိုင်းသည်များရှိပါက သက်ဆိုင်ရာဆရာမထံ အ‌ချိန်နှင့်တပြေးညီ အကြောင်းကြားရမည်။


Position Requirements လိုအပ်သော အရည်အချင်းများ)

o တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးဖြစ်ရမည်။ o သင်ယူလိုစိတ်ရှိပြီး ကျောင်းမှactivities များတွင် တက်ကြွစွာ ပါဝင်နိုင်ရမည်။ o မိမိတက်လမ်းအတွက် ကြိုးစားလိုစိတ်ရှိရမည်။ o ကျောင်းသူ/ သားများအား ချစ်ခင်ကြင်နာစွာ ဆက်ဆံနိုင်ရမည်။ o EMPS ၏ တန်ဖိုးထားမှုများ၊ စည်းမျဉ်းစည်းကမ်းများအား လိုက်နာနိုင်ရမည်။ o ပိုမိုကောင်းမွန်သောနည်းလမ်းများကို တီတွင်ဖန်တီးလိုစိတ်ရှိရမည်။

Share Job Post

Stay Updated Join our newsletter and get the latest job listings and career insights delivered straight to your inbox.

Log In to apply now

Activate Notifications
Stay productive - get the latest updates on Jobs & News
Deactivate Notifications
Stop receiving the latest updates on Jobs & News
Yangon
| Full Time |
Confidential
2mos
Yangon
| Part Time |
Confidential
2mos
Yangon
| Part Time |
Confidential
2mos
Yangon
| Part Time |
Confidential
2mos