Create your free CV! Get a ready-made CV for free by completing 80% of your career profile.  Complete your profile

Job Summary

- ချေးငွေလုပ်ငန်းတွင် အနည်းဆုံး (၂) နှစ်အတွေ့အကြုံရှိသူဖြစ်ရမည်။

  • Minimum Qualification: Bachelor
  • Experience Level: Senior level
  • Experience Length: 2 years

Job Description/Requirements

- ချေးငွေအရာရှိများသည် မိမိတာဝန်ကျရာဋ္ဌာနခွဲတွင် BCF ၏ ရည်မှန်းချက်များ၊ နည်းဗျူဟာများအောင်ြမင်မှုရရှိစေရန် ပါဝင် ကူညီဆောင်ရွက်ရမည်။

- မိမိတာဝန်ကျရာဋ္ဌာနခွဲရှိ Loan and Saving Target ပြည့်မှီစေရန် တာဝန်ယူဆောင်ရွက်ရမည်။
- BCF ၏ သတ်မှတ်ထားသော စံနှုန်းများနှင့် ကိုက်ညီသော အဖွဲ့ဝင်များကို ဈေးကွက်အတွင်း ရှာဖွေရမည်။
- BCF တွင် ချေးငွေလျောက်လွှာတင်သော အဖွဲ့ဝင်များကို ၄င်းတို့၏ ပုံသေပစ္စည်းပိုင်ဆိုင်မှု၊ ၀င်ငွေ ထွက်ငွေ၊ အကျင့်စာရိတ္တ စသည့် အရေးကြီးသည့် အချက်များပါဝင်သည့် ချေးငွေအကဲဖြတ်စစ်ဆေးသည့်လျောက်လွှာဖြင့် ဦးစွာ စစ်ဆေးအကဲဖြတ်ရမည်။
- BCF မှ သတ်မှတ်ထားသည့်စံချိန်စံနှုန်းများနှင့် ပြည့်မှီသောအဖွဲ့ဝင်များ၏ ချေးငွေ လျှောက်လွှာ ကိုသာ ဆက်လက်ပြင် ဆင်ရမည်။
-  ချေးငွေထုတ်ချေးမှုနှင့်ပတ်သက်၍ ဋ္ဌာနခွဲရှိ မိမိတာဝန်ယူရသောအဖွဲ့ဝင်များ၏ ချေးငွေ မိမိတင်ပြ ထားသောလုပ်ငန်း အတွက် အသုံးပြုမှုရှိ မရှိ၊ ကို ကြီးကြပ်စစ်ဆေးခြင်း၊ အကြံဥာဏ်ပေးခြင်း၊ လမ်းညွှန်သင်ကြားပေးခြင်းများကို ပြုလုပ်ရပါမည်။
- BCF မှ အခါ အားလျော်စွာပြုလုပ်သော စစ်တမ်းကောက်ယူခြင်းများအား ဆောင်ရွက်ရာတွင် သတ်မှတ်ထားသော အချိန်အတွင်း ထိရောက်ပြီးပြည့်စုံသော အဖြေများရရှိစေရန် ကြိုပမ်းဆောင်ရွက်ရမည်။
-  ငွေချေးယူထားသောအဖွဲ့ဝင်များ၏ ချေးငွေပြန်လည်ပေးဆပ်မှု နောက်ကျခြင်းမဖြစ်စေရန် အထူးကြပ်မှတ် ဆောင်ရွက်ရမည်။ အကယ်၍ ဖြစ်ပေါ်လာပါက အလေးအနက်ထားတာဝန်ယူ ဆောင်ရွက်ရန်နှင့် လိုအပ်လျှင် သက်ဆိုင်ရာ ကြီးကြပ်သူများထံမှ အကြံဥာဏ်တောင်းခံပြီး အပြည့်အ၀တာဝန်ယူဖြေရှင်းရမည်။ 
- BCF မှ ချေးငွေထုတ်ချေးထားသော အဖွဲ့ဝင်များ၏ မကြေနပ်မှုများ၊ အငြင်းပွားမှုများမရှိစေရန် ကြိုးစား ဆောင်ရွက်ရမည်။ အဖွဲ့ဝင်များ စိတ်ကြေနပ်မှု ရရှိစေရန် အကောင်းဆုံးဝန်ဆောင်မှုပေးရမည်။ အကယ်၍ အငြင်းပွားမှု တစ်စုံတစ်ရာ ရှိလာပါက အဖွဲ့ဝင်တိုင်ကြားမှုဖြေရှင်းရေးဌာနအား အကူအညီတောင်းခံရန်လိုအပ်သည်။
-  ရုံးခွဲ၏လုပ်ငန်းဆောင်ရွက်မှုများ အကျိုးသက်ရောက်မှုထိရောက်စွာရရှိစေရန်နှင့် တိုးတက်မှုရှိစေရန်အတွက် အသင်းအဖွဲ့ ပုံစံဖြင့် ဆောင်ရွက်ရန် နှင့် အသင်းအဖွဲ့ စိတ်ဓာတ်များရှိစေရန်လိုအပ်သည်။
- မိမိရာထူးနှင့် သင့်တော်သော လုပ်ငန်းများအား တာဝန်ကျေပွန်စွာဆောင်ရွက်ရန်နှင့် မိမိ၏ တိုးတက်မှုအတွက် အလား အလာ ရှိသည့် အားလျော်စွာ ရုံးခွဲတွင်ရှိသော အခြားဝန်ထမ်းများ၏ အလုပ်များအား ကူညီ ဆောင်ရွက်ခြင်းပြုလုပ်ရန် လိုသည်။
-  BCF ၏ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ ပြောင်းလဲခြင်းရှိပါက ရုံးခွဲများ၏ လုပ်ငန်းဆောင်ရွက်မှုများ တိုးတက်အောင်မြင်မှု ရှိ စေရန်အတွက် ပြောင်းလဲချက်များအား အမြန်ဆုံးလေ့လာသင်ယူပြီး အချိန်နှင့်တပြေးညီ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ရမည်။ 
- မိမိ၏အဖွဲ့ ဝင်များ နှင့် ခိုင်မာကောင်းမွန်သော ပေါင်းသင်းဆက်ဆံမှုများ တည်ဆောက်ရမည်။
- သင်၏ ရာထူးအတိုင်း ချမှတ်ထားသည့်တာဝန်များကို ဆောင်ရွက်ရန်နှင့် လိုအပ်ပါက ပေးအပ်သောအခြားတာဝန်များကိုလည်း လုပ်ဆောင်ရမည်။ 



Job Requirements

- တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိထားသူဖြစ်ရမည်။

- ချေးငွေလုပ်ငန်းတွင် အနည်းဆုံး (၂) နှစ်အတွေ့အကြုံရှိသူဖြစ်ရမည်။

- တာဝန်ပေးအပ်သော မြို့နယ်တွင်း ကွင်းဆင်းလုပ်ကိုင်နိုင်ရမည်။

- လူမှုဆက်ဆံရေးလေ့လာသင်ယူမှု နှင့် ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်သူ ဖြစ်ရမည်။

- Computer ကျွမ်းကျင်သူဖြစ်ရမည်။ (MS Word, Excel, Outlook(email))

Share Job Post

Stay Updated Join our newsletter and get the latest job listings and career insights delivered straight to your inbox.

Log In to apply now

Activate Notifications Stay productive - get the latest updates on Jobs & News
Activate
Deactivate Notifications Stop receiving the latest updates on Jobs & News
Deactivate
Rest of Myanmar
| Full Time |
$ Confidential
1mo