Head of Territory
အလုပ်အကျဉ်းချုပ်
တောင်သူများထံသို့ ထိရောက်သော ဝန်ဆောင်မူများ ပေးနိင်ရန်
- ဘွဲ့ အမျိုးအစား: ဘွဲ့ရ
- အတွေ့အကြုံအဆင့်: အလယ်အလတ်တန်း
- အတွေ့အကြုံကြာချိန်: 5 years
လုပ်ငန်းတာဝန်သတ်မှတ်ချက်
ရည်ရွယ်ချက်
ရေတံခွန် တိုက်ရိုက်အရောင်းဖွဲ့စည်းပုံတွင် တောင်သူများထံ ထိရောက်သော ဝန်ဆောင်မူများ ပေးနိင်ရန်အတွက် ရေတံခွန်အဖွဲ့စည်းမှ ချမှတ်ထားသော နည်းဗျူဟာများနှင့် အညီ သီးနှံအကြံပေးကိုယ်စားလှယ်များနှင့် အရောင်းဝန်ထမ်းများဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။ နယ်ရုံးအတွင်းရှိသော ရေတံခွန် ဝန်ဆောင်မူများနှင့် ထုတ်ကုန်များအတွက် လိုအပ်သော အရောင်းမြှင့်တင်ခြင်းနှင့် နောက်ဆက်တွဲ ဝန်ဆောင်မူများအတွက် နည်းဗျူဟာကျစွာ ထောက်ပံ့ပေးရန် ပျော်ဘွယ်၊ အောင်ပန်း၊ အိမ်မဲ၊ သာယာဝတီ နှင့် ဝေါ ရုံးခွဲ (၅) ရုံးတွင် Head of Territory (၅ )ဦးအား ခန့်အပ်ရန်ရှိပါသည်။
လုပ်ဆောင်ရမည့် တာဝန်များ
၁။ မိမိတာဝန်ကျ နယ်မြေတွင်ရှိသော အရောင်း ဝန်ဆောင်မူများ၊ ဘတ်ဂျက်များ၊ စာရင်းများနှင့် ရေတံခွန်မှ ထုတ်ကုန်များ ဖြန့်ဖြူးရောင်းချနိင်ရန် စီမံခန့်ခွဲခြင်း။
၂။ မိမိတာဝန်ကျရာ နယ်ရုံးအတွင်းရှိ ဝန်ထမ်းများရွေးချယ်ခန့်အပ်ခြင်း၊ မိမိဝန်ထမ်းများအား စိတ်ခွန်အား မြင့်မားစေရန်နှင့် လုပ်ငန်းကျွမ်းကျင်မူများ ရှိလာစေရန်အတွက် လိုအပ်သော သင်တန်းများသင်ကြားပေးခြင်း။
၃။ သက်ဆိုင်ရာ နယ်ရုံးအတွင်း ဘဏ္ဍာရေး ရည်မှန်းချက်များ နှင့် Business Plan များရေးဆွဲခြင်း။
၄။ အဖွဲ့အစည်းမှ ချမှတ်ထားသော မဟာဗျူဟာများအား စဉ်ဆက်မပြတ်တိုးတက်အောင် ဆောင်ရွက်ခြင်း။
၅။ မိမိနယ်ရုံးများတွင် လိုအပ်သလို ပြန်လည် ဆန်းစစ်၍ ဈေးကွက် အခွင့်အလမ်းသစ်များ ဖော်ထုတ်ခြင်း။
၆။ ရုံးတွင်း၊ ရုံးပြင်ပရှိ အဖွဲ့စည်းများ၊ ဒေသခံ အာဏာပိုင်များနှင့် ပူးပေါင်း၍ စိုက်ပျိုးရေး ဈေးကွက်များ အတွက်အချက်အလက်များ ရှာဖွေ စုဆောင်း၍ သုတေသနပြုလုပ်ခြင်း။
၇။ ရရှိလာသော အရောင်းပိုင်းဆိုင်ရာ သတင်းအချက်လက်များကို ပြုစု၍ Regional Manager ထံသို့ Report နှင့် Feedback များပေးခြင်း။
၈။ သက်ဆိုင်ရာ ဒေသအတွင်းရှိ တောင်သူများ၊ အဖွဲ့အစည်းများနှင့် Network များတည်ဆောက်ခြင်း၊ ဆက်ဆံရေးအားထိန်းသိမ်းခြင်း။
၉။ သုံးလတစ်ကြိမ်နှင့် နှစ်ပတ်လည် ရည်မှန်းချက်များ ချမှတ်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန်။
၁၀။ မြို့နယ်တွင်းရှိ ဝန်ထမ်းများကို KPI ဖြင့်အကောင်အထည်ဖော်ခြင်း၊ တိုင်းတာစစ်ဆေးခြင်း။
၁၁။ နယ်မြေစီမံခန့်ခွဲခြင်းတွင်အဓိကကျသော၊ စိုက်ပျိုးသီးနှံများနှင့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများကို ဝန်ထမ်းများအတွက် သင်တန်းပေးခြင်း။
လိုအပ်သော အရည်အချင်းများ
- · တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ
- · စီမံခန့်ခွဲမူ အတွေ့ကြုံရှိပြီး အသင်းအဖွဲ့ကို ဦးဆောင်နိင်သူ
- · ဝန်ထမ်း (၂၀) ဦးခန့်ကို စီမံခန့်ခွဲနိုင်သူ
- · မိမိ၏ စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြနိုင်သူ
- · ပိုမိုဆန်းသစ်သော နည်းစနစ်များနှင့် နည်းဗျူဟာများကို ဖန်တီးနိင်သူ
- · နယ်ဝန်ထမ်းများနှင့် ရန်ကုန်ဝန်ထမ်းများကြား ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်နိင်သူ
- · ဒီဂျစ်တယ် နည်းစနစ်များနှင့် အင်္ဂလိပ်စာ 4 skills ကောင်းမွန်သူ
- · Computer, E-mail & Google Suite များကို ကောင်းစွာ အသုံးချနိုင်သူ
- · နယ်ဝန်ထမ်းများအား ပိုမိုတိုးတက်လာစေရန် လေ့ကျင့်သင်ကြားပေးနိင်သူ
- · ဘတ်ဂျက်၊ ဝင်ငွေနှင့် ကုန်ကျစရိတ်များကို စီမံခန့်ခွဲခြင်း
- · အဖွဲ့စည်း၏ လိုအပ်ချက်အရ တာဝန်ချရာနေရာအား ပြောင်းရွေ့နိင်သူ
- · စိုက်ပျိုးရေးလုပ်ငန်းနှင့် ပတ်သက်သော အတွေ့အကြုံရှိသူ။
ဤ ရာထူးအားလျှောက်ထားလိုပါက မိမိ၏ ကိုယ်ရေးရာဇဝင် (CV ) ကို အောက်ဖော်ပြပါ Assignment နှင့်အတူ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့နောက်ဆုံးထားပြီး jobs@proximitydesigns.org သို့ပေးပို့ လျှောက်ထားရမည်ဖြစ်သည်။