အသစ်တိုးတက်လာသော MyJobs မှကြိုဆိုပါသည်။ မှတ်ပုံတင်၊ သင်၏ဝင်ငွေနှင့်အလုပ်ရှာပါ!  သင်၏လျှို့ဝှက်နံပါတ်ကိုဒီမှာပြန်လည်ရယူပါ။.
Myanmar

လက်ထောက်သတင်းအချက်အလက်စာရင်းပြုစုမှုအရာရှိ

အလုပ်အကျဉ်းချုပ်

လက်ထောက်သတင်းအချက်အလက်စာရင်းပြုစုမှုအရာရှိ

  • အနိမ့်ဆုံးပညာအရည်အချင်း: Unspecified
  • အတွေ့အကြုံအဆင့်: Mid level
  • အတွေ့အကြုံကြာချိန်: 2 years

လုပ်ငန်းတာဝန်သတ်မှတ်ချက်

အလုပ်လျှောက်လွှာခေါ်ယူခြင်း
ရာထူးအမည် : လက်ထောက်သတင်းအချက်အလက်စာရင်းပြုစုမှုအရာရှိ
အရေအတွက် : (1) ဦး
အစီရင်ခံတင်ပြမှု : စီမံကိန်းအရာရှိ
ဌာန : ကျန်းမာရေးဌာန
စီမံကိန်း : COVID - 19 ကာကွယ်တုန့်ပြန်ရေးဆိုင်ရာ စီမံကိန်း 
တာ၀န်ကျရာနေရာ : နေပြည်တော်/ရန်ကုန်
Grade : C2
Duration : Six months until end of year 2020
အကျိုးခံစားခွင့်များ : လစာ+ခရီးသွားစရိတ်+ရှောင်တခင်ခွင့်+လုပ်သက်ခွင့်+ဆေးလက်မှတ်ခွင့်+
                                   ကူးစက်ရောဂါကာကွယ်ခွင့်+အစားထိုးခံစားခွင့်+မီးဖွားခွင့်+ကျန်းမာရေး
   အာမခံ+ကိုယ်ခန္ဓာထိခိုက်မှုနှင့်ရောဂါဘယအာမခံ+လုပ်ငန်းတွင်းသင်တန်း
လျှောက်လွှာပိတ်ရက်     ၂၂.၀၆.၂၀၂၀၊  (၀၄:၃၀)နာရီ
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ လူမှုကရု ဏာ လုပ်ငန်းများတွင် အရန်အင်အားဖြစ်သည်နှင့်အညီ ယခုအစီရင်ခံကာလအတွင်း အသင်းဌာနချူပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အသင်းခွဲများသည် COVID-19 ကာကွယ်တားဆီးရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း (က) COVID-19 ကူးစက်ရောဂါကာကွယ် တားဆီးရေးဆိုင်ရာ သတင်းအချက် အလက်များ၊ အသိပေးခြင်းနှင့် ပြည်သူလူထုပူးပေါင်းပါဝင်လာစေရန် စည်းရုံး လှုံ့ဆော်ခြင်း၊ (ခ) စိတ်ပိုင်း ဆိုင်ရာအားပေးကူညီခြင်း၊ (ဂ) နိုင်ငံတော်၏အရန်အင်အား ဖြစ်သည်နှင့်အညီ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့်အတူ လူမှုကရုဏာလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းစသည့် အဓိက လုပ်ငန်း တာဝန် (၃) ရပ်အား တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ 
လက်ထောက်သတင်းအချက် အလက်စာရင်းပြုစုမှုအရာရှိ (Assistant Data Officer) မြန်မာနိုင်ငံ ံကြက်ခြေနီအသင်း၏ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများ၏ မူဘောင်အတွင်းမှ ကြက်ခြေနီလှုပ်ရှားမှု၏ အခြခံမူများအား လေးစားလိုက်နာခြင်းအားဖြင့် လက်ထောက်သတင်းအချက် အလက်စာရင်း ပြုစုမှုအရာရှိ (Assistant Data Officer)သည်  ပြည်နယ်နှင့်တိုင်းအသီးသီး၏ သတင်းအချက် အလက်များ(Data)အား အချိန်နှင့် တပြေးညီရရှိနိုင်ရန် အတွက် Prgramme Officer အား ကူညီပေး ရန်ဖြစ်သည်။
တာဝန်နှင့်ဝတ္တရားများ
အဓိက ​ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များ
(၁) လက်ထောက်သတင်းအချက် အလက်စာရင်းပြုစုမှုအရာရှိ (Assistant Data Officer) ၏ အဓိကတာဝန်မှာ ပြည်နယ်/တိုင်းဒေသကြီး အသီးသီးရှိ မြို့နယ်များ၏ သတင်း အချက် အလက်များ(Data)အား အချိန်နှင့် တပြေးညီရရှိနိုင်ရန် အတွက် တိုင်းဒေသကြီး/ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ နှင့် စီမံချက်အရာရှိ (Project Officer) အား ကူညီပေးရန်ဖြစ်သည်။
(၂) လက်ထောက်သတင်းအချက် အလက်စာရင်းပြုစုမှုအရာရှိ (Assistant Data Officer) သည် ပြည်နယ်/ တိုင်းဒေသကြီး အသီးသီးမှ ပေးပို့လာသော သတင်းအချက်အလက်များ၊ အ​ကြောင်းကြားလွှာများနှင့် တင်ပြလွှာများကို စီမံချက်အရာရှိထံသို့  အချိန်နှင့်တပြေးညီ စုဆောင်းပေးရပါမည်။
(၃) လက်ထောက်သတင်းအချက်အလက်စာရင်းပြုစုမှုအရာရှိသည် ပြည်နယ်/တိုင်းဒေသကြီး အသီးသီးရှိ  မြို့နယ်များထံမှ ရရှိသော နေ့စဉ် အစီရင်ခံစာများမှ သတင်းအချက်အလက်များအား သေချာစွာ စီစစ်ပြီး ကွန်ပျူတာတွင် ပုံမှန်စာရင်းသွင်းထားရမည်။
(၄) လက်ထောက်သတင်းအချက် အလက်စာရင်းပြုစုမှုအရာရှိသည် သတင်းအချက်အလက်များ စာရင်းသွင်းမှုအပေါ် မှန်ကန်ရှိရန် တာဝန်ယူနိုင်ရမည်။
(၅) ရရှိသောသတင်းအချက်အလက်များအား ပေါင်းစည်းထားကာ Project Officer နှင့် PMER Officer ထံသို့ သတ်မှတ်ထားသော အချိန်မီ တင်ပြ ရမည်။
(၆) မြို့နယ်အသီးသီး၏ အခြေခံသတင်းအချက်အလက်များအား ပုံမှန်စာရင်းသွင်းထားပြီး Project Officer ထံ လိုအပ်ပါက ချက်ချင်းပေးနိုင်ရန် ဆောင်ရွက်ထားရမည်။
(၇) ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးသို့ ဖြန့်ဝေသော ပစ္စည်းစာရင်းများနှင့် မြို့နယ်များမှ ဖြန့်ဝေသော ပစ္စည်းစာရင်းများအား မြို့နယ်အလိုက် ပုံမှန်စာရင်းသွင်းထားရမည်။
 (၈)  လိုအပ်မည်ဆိုပါက မြို့နယ်များသို့လိုက်ပါ၍ သတင်းအချက်အလက်များ ကောက်ယူပေးရမည်။



လိုအပ်သောအရည်အချင်းများ
· မြန်မာနိုင်ငံသားဖြစ်ရမည်။
· အသက် ၄၀ နှစ်အောက်ဖြစ်ရမည်။
· အနည်းဆုံး တက္ကသိုလ်ဝင်တန်း အောင်မြင်ဖူးသူ ဖြစ်ရမည်။ 
· လုပ်ငန်းနှင့်သက်ဆိုင်သော အောင်လက်မှတ်များ ပြသနိုင်ရမည်။ 
· စာရင်းကောက်ယူရေးနှင့် ဆက်စပ်သော အနည်းဆုံး (၂)နှစ် အတွေ့အကြုံရှိသူကို ဦးစားပေးမည် 
· ရုံးသုံးကွန်ပျူတာ ကျွမ်းကျင်သူဖြစ်ရန်နှင့် (မြန်မာ၊အင်္ဂလိပ်) စာစီစာရိုက် အထူးကျွမ်းကျင်သူဖြစ် ရမည်။
· ဆက်ဆံရေးပြေပြစ်ကောင်းမွန်ပြီး လူအများနှင့် ဆက်ဆံတတ်သူ၊ အသင်းအဖွဲ့နှင့် ဆောင် ရွက်တတ်သူဖြစ်ရမည်။
· သတ်မှတ်ထားသည့်ကာလအတွင်း ဦးစားပေးအလုပ်များအား အချိန်မှိပြီးစီးအောင် ဆောင်ရွက် နိုင်သူဖြစ်ရန်နှင့် လုပ်ငန်းများကို ထိထိရောက်ရောက်နှင့် အချိန်ပြည့်တာဝန်ထမ်းဆောင်နိုင် သူဖြစ်ရမည်။
· အင်္ဂလိပ်ဘာသာစကားကို ရေးသားပြောဆိုတတ်သူကို ဦးစားပေးမည်။
· အလုပ်ဖိအားဒဏ်ခံနိုင်ပြီး လုပ်ငန်းလိုအပ်ချက်အရ မည်သည့်နေရာမဆို အချိန်တိုအတွင်း သိရှိ/ ပြင်ဆင်၍ ခရီးသွားလာနိုင်သူဖြစ်ရမည်။
· မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ စေတနာလုပ်အားရှင်အဖြစ် အနည်းဆုံး(၂)နှစ် လုပ်ကိုင်ဖူးသူ ဖြစ်ရမည်။

စိတ်ပါ၀င်စားသူများသည် ကိုယ်ရေးရာဇ၀င်နှင့်အတူ လိုအပ်သောအထောက်အထား မိတ္တူ/ PDF Version ဖြင့် ပြည့်စုံစွာပေးပို့လျှောက်ထားမှသာလျှင်ထည့်သွင်းစဉ်းစားမည်ဖြစ်ပါသည်- 




အလုပ်အကိုင်မျှဝေပါ

လျောက်ထားရန်၀င်ပါ

အသိပေးချက်များအသက်သွင်းရန် လုံခြုံမှုရှိပါစေ - နောက်ဆုံးရ အလုပ်များနှင့်သတင်းအချက်အလက်များရယူပါ
အသက်သွင်းရန်
အသိပေးချက်များရပ်ဆိုင်းရန် နောက်ဆုံးရအလုပ်များနှင့် သတင်းများအသိပေးချက်ရယူနေမှုကိုရပ်ဆိုင်းပါ။
ရပ်ဆိုင်းရန်
Yangon
| အချိန်ပြည့်အလုပ်အမျိုုးအစား |
MMK 1,000,000 - 1,500,000
Yangon
| အချိန်ပြည့်အလုပ်အမျိုုးအစား |
MMK 600,000 - 800,000
Yangon
| အချိန်ပြည့်အလုပ်အမျိုုးအစား |
$ လျှို့၀ှက်အပ်သော
Yangon
| အချိန်ပြည့်အလုပ်အမျိုုးအစား |
$ လျှို့၀ှက်အပ်သော