အသစ်တိုးတက်လာသော MyJobs မှကြိုဆိုပါသည်။ မှတ်ပုံတင်၊ သင်၏ဝင်ငွေနှင့်အလုပ်ရှာပါ!  သင်၏လျှို့ဝှက်နံပါတ်ကိုဒီမှာပြန်လည်ရယူပါ။.
အသစ်

အလုပ်အကျဉ်းချုပ်

Urgently Hiring, Sales Executive !!!

  • အနိမ့်ဆုံးပညာအရည်အချင်း: Bachelor
  • အတွေ့အကြုံအဆင့်: Mid level
  • အတွေ့အကြုံကြာချိန်: 1 year

လုပ်ငန်းတာဝန်သတ်မှတ်ချက်

၁။    ဈေးကွက်အတွင်းသို့ ထိုးဖောက်ဝင်ရောက် လက်ခံနိုင်မည့် သင့်တော်သည့် ကုန်ပစ္စည်းများအား ရွေးချယ် ညှိုနှိုင်းခြင်း။
၂။    ရွေးချယ်ထားသည့် ကုန်ပစ္စည်းများနှင့် သင့်လျော်သည့် ဈေးကွက်အနေအထား ၊ အရောင်းကောင်တာ ထားရှိမည့် နေရာသစ် များ ရှာဖွေခြင်း။ဈေးကွက်လက်ရှိ အနေအထား နှင့် မှန်ကန်သေအချက်အလက်များကို

၃။ သိရှိနိုင်ရန်အတွက် (၁)လ လျှင် (၂)ကြိမ် Market Survey ထွက်ခြင်း၊ ဈေးကွက်ကို ကောင်းမွန်စွာ ထိထိရောက်ရောက် Focus ထား အမြဲလေ့လာခြင်း။
၄။    မိမိကုန်ပစ္စည်းနှင့် အပြိုင် ဈေးကွက်အတွင်းရှိ ပစ္စည်းများ၏ ဈေးနှုန်း၊အရောင်းမြှင့်တင်ခြင်းနှင့် ဈေးကွက်အနေအထား စသည့် Competitor’s Product Situation အားအမြဲ အစဉ်မပြတ် စောင့်ကြည့်ခြင်း။
၅။    အရောင်းမြှင့်တင်နိုင်ရန် ၊ အခြား Competitor များနှင့် မတူသော Promotion & Sponsor များကို ရာသီအလိုက် ကြိုတင်စီစဉ် ညွှန်ကြားခြင်း။
၆။    မိမိကုန်ပစ္စည်းများ၏ အားနည်းချက် ၊အားသာချက်များ စုဆောင်းထားရန်နှင့် မိမိ၏ကုန်ပစ္စည်း ပြိုင်ဘက်များကို ယှဉ်ပြိုင်နိုင်ရန်အတွက် အဓိကအချက်အလက်များ ရှာဖွေစုဆောင်း ထားခြင်း။(Key Competitive Factor)
၇။    ပြိုင်ဘက် ကုန်ပစ္စည်းများကို ယှဉ်ပြိုင်လျှင် မိမိဘက်မှ ထပ်မံရရှိနိုင်မည့် အရင်းအမြစ်များ Resources ကို တွက်ချက်ထားခြင်း။
၈။    ကြော်ငြာအတွက် A&P Group မှ တင်ပြချက်များကို အကြံပေးခြင်း။    မိမိအရောင်းပစ္စည်းများ နှင့်ပတ်သတ်  ၍ အရောင်းမြှင့်တင်ရေး ကိစ္စရပ်များအား အစီအစဉ် ဆွဲခြင်း၊ A & P နှင့် သက်ဆိုင်သော ဝန်ထမ်းများနှင့် ညှိုနိုင်းဆောင်ရွက်ခြင်း။
၉။    အရောင်းအားနည်းသည့် ရာသီများနှင့် အချိန်များတွင် Promotion Sale  & Direct Sale ဟူ၍ ခွဲခြားလုပ်ဆောင်ခြင်း။
၁၀။    Modern Trade Group တစ်ဖွဲ့လုံးအား Team Work Spirit (အသင်းအဖွဲ့ စိတ်ဓာတ်) အပြည့်အစုံဖြင့် စီမံအုပ်ချုပ်နိုင်ရန်။Report များအား Sales Manager ထံသို့ အမြဲမပြတ်ပေးခြင်းနှင့် တင်ပြခြင်း။
၁၁။    ကုန်ပစ္စည်း ရောင်းချခြင်းနှင့် ပတ်သတ်၍ ဝန်ထမ်းများအား Product Knowledge များအား သင်ကြားပြသခြင်း။ကုန်ပစ္စည်းများအား ဖြန့်ဖြူးရောင်းချရာတွင် အနီးကပ်ကြီးကြပ်၍ လမ်းကြောင်းများ ခွဲဝေပြီး ဖြန့်ဖြူးရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်း။
၁၂။    Customer ၏ Complain & Suggestion များကို တာဝန်ယူဖြေရှင်းခြင်း ၊ လိုအပ်သော A&P ပစ္စည်းများကို စနစ်တကျ ဈေးကွက်လိုအပ်ချက်နှင့် အညီ  ညှိုနိုင်းဆောင်ရွက်ခြင်း။
၁၃။    ရောင်းချပြီးသော ပစ္စည်းများနှင့်  ပတ်သတ်၍ ဖြစ်စေ၊ ဈေးကွက်အခြေအနေနှင့် ဖြစ်စေ ၊ဖြစ်ပျက်မှု အားလုံးကို နောက်ထပ်မဖြစ်စေရန်နှင့် တိုးတက်ရှိစေရန် ကြိုတင်စီစဉ်ခြင်း။
၁၄။    အရောင်းသမား ၏ အရောင်းနှင့် ပတ်သတ်သော ကိစ္စ အ၀၀ကို သိရှိကာ စီမံခန့်ခွဲခြင်း။
၁၅။    အရောင်းပြီးမြောက် အဆင့်ထိ စီမံကွပ်ကဲခြင်း၊ ပြန်လည်စစ်ဆေးခြင်း ၊သုံးသပ်ခြင်း၊ လိုအပ်မှုများ ထပ်မံဖြည့်တင်းခြင်းများအား Sales Managerထံတင်ပြရန်။
၁၆။    ပစ္စည်းပို့မှုတွင် အချိန်မှန်စွာ စီစဉ်နှိုင်မှု၊ ပျောက်ရှမှု၊ ပျက်စီးမှု စသည်များကို ပြန်လည်စီစစ်ခြင်း၊ ညွှန်ကြားခြင်း။
၁၇။    ကုန်ပစ္စည်းများ ဈေးနှုန်းပြောင်းလဲခြင်းရှိပါက Regular Customer များ၊ Wholesalers များ၊ Super Market များအား ကြိုတင်အသိပေး ရောင်းချခြင်း။
၁၈။    အရောင်းစာရင်းများအား စစ်ဆေး၍ ရက်လွန်ငွေများ မဖြစ်စေရန် နှင့် သတ်မှတ်ရက်အတွင်း ငွေကောက်ခံရန်အတွက် Cash Collector နှင့် ငွေစာရင်းဌာနအား အကြောင်းကြားခြင်း။
၁၉။    အရောင်းဝန်ထမ်းများ၏ ကိုယ်ကျင့်တရား ၊ လိုက်နာရန် စည်းကမ်းချက်များ လိုက်နာမှု၊ ပျက်စီးမှု များအား သက်ဆိုင်ရာ ဌာနသို့ အကြောင်းကြားခြင်း။
၂၀။    အရောင်းကားများအား နံနက်(၁၀း၀၀) အချိန်မှီ ထွက်နိုင်ရေးအတွက် (၉း၃၀) တွင် အစဉ်သင့်ဖြစ်စေရန် စီမံခန့်ခွဲခြင်း။
၂၁။    Daily Report, Weekly Report, Monthly Report များကို သတ်မှတ်ထားသော ပုံစံ၊ နေရာ၊ အချိန်အတွင်း တင်ပြခြင်း နှင့် ငွေသုံးစွဲမှုနှင့် ပတ်သတ်သော စည်းကမ်းချက်များ ၊ရုံးချုပ်စည်းကမ်းချက်များကို လိုက်နာ ခြင်းဖြင့် မိမိတာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ရန်။
၂၂။    Stock လက်ကျန်နှင့် အရောင်းနှေးသော ပစ္စည်းများကို Top Sale Item များနှင့် တွဲဖက် ရောင်းနိုင်ရန် အတွက် သတင်းပို့ခြင်း။
၂၃။    ရောင်းအားကျသော ပစ္စည်းများအတွက် Promotion , Discount Program ,FOC, POSM များ ပြုလုပ်ရန်အတွက် သတင်းပို့ခြင်း။
၂၄။    ကုန်ပစ္စည်းများနှင့် ပတ်သတ်၍ အဆင်မပြေမှု ၊ ပျက်စီးမှု၊ အရောင်းနှင့် ပတ်သတ်သည့် Customer Complain များကို တာဝန်ယူဖြေရှင်းခြင်း ၊ သတင်းပို့ခြင်း။
၂၅။    ပစ္စည်းအရေအတွက်ကိုကြည့်ပြီး W/S , Distributors(နယ်) , Retail, S/M, Counter နှင့် Order များကို မျှတမှုရှိအောင် အထူးသဖြင့် ကုမ္ပဏီ ကိုယ်စားပြုဆိုင်များတွင် ပစ္စည်းများရှိစေရန်  ကြိုတင်စီစဉ်ခြင်း ဖြင့် Stock Share များကို ခွဲခြားနိုင်ရန် သက်ဆိုင်ရာ မန်နေဂျာထံသို့ သတင်းပို့ခြင်း။
၂၆။    ပထမဦးစားပေး၊ ဒုတိယဦးစားပေး စနစ်ပုံစံဖြင့် တက်ရောက်လာသော Order များ မှန်ကန်မှု ရှိ/မရှိ ၊ အဆင်ပြေမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် Customer Complain များ ဖြစ်ပေါ်လာသည့် အချိန်တွင် အထောက် အထား  ခိုင်လုံစွာ ရှင်းပြနိုင်ခြင်း။
၂၇။    တစ်နှစ်စာအတွက် ရာသီကုန်ပစ္စည်းများကို ဈေးကွက်တွင် အဆက်မပြတ်စေရန် အရောင်းခန့် မှန်းကြည့်၍ နှစ်လ ကြိုတင်စီစဉ်နိုင်အောင် ပြုလုပ်ခြင်း။
၂၈။    Sale Section အသီးသီး၏ သတ်မှတ်အရောင်း ပမာဏ ပြည့်မှီရန်နှင့် ကျော်လွန်ရန် စီစစ်ခြင်း ၊ ဖြည့်ဆည်းခြင်း၊ ညွှန်ကြားခြင်း။
၂၉။    မိမိ Product နှင့်ပတ်သတ်သော Knowledge ကိုကောင်းစွာ နားလည်သဘောပေါက်ပြီး လက်အောက်ဝန်ထမ်းများနှင့် လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များအရ ဧည့်သည်တော်များအား ပြန်လည်ရှင်းလင်း ပြောဆိုနိုင်ခြင်း၊ မှတ်သားခြင်း၊ အားထည့်ခြင်း၊ နားဝင်ချိုသာစွာ ရှင်းပြနိုင်ခြင်း။
၃၀။    Customer များကို စိတ်ရှည်သည်းခံစွာပြောဆိုနိုင်ခြင်း၊ ပြောဆိုရှင်းပြနိုင်ခြင်း။
၃၁။    ဝန်ထမ်းများ၏ သတ်မှတ်ထားသော တာဝန် သတ်မှတ်ချက်များကို လိုက်နာခြင်းမရှိမှုများ နှင့် မသမာမှုများကို HR  ထံသို့ စစ်ဆေးသတင်းပို့ခြင်း။
၃၂။    ကုမ္ပဏီ၏ လျှို့ဝှက်ချက်ကို ပြောကြားခြင်းနှင့် ကုမ္ပဏီနှင့် ပတ်သတ်သော မလိုလားအပ်သည့် အခြားအကြောင်းအရာများကို ပြောကြားခြင်းမှ အထူးရှောင်ကြဉ်ခြင်း။
၃၃။    မိမိတာဝန်ထမ်းဆောင်နေစဉ် အတွင်း မလိုအပ်သော၊ အလုပ်တာဝန်နှင့် မသက်ဆိုင်သော ကုမ္ပဏီ စီးပွားထိခိုက်စေနိုင်သော အပြောအဆို၊ အပြုအမူ၊ အနေအထိုင်များ အားရှောင်ကြဉ်ခြင်း။
၃၄။    မိမိလုပ်ဆောင်သည့် ကိစ္စရပ်မှန်သမျှ Manager ထံသို့ အမြဲ Report Back ပြုလုပ်ခြင်း၊ ဖြစ်ပျက်ကြုံ တွေ့သမျ ှ မခြွင်းမချန် အကုန်ပြောပြရန်။
 ၃၅။    ကုမ္ပဏီမှ ဝန်ထမ်းခန့်အပ်စဉ် စည်းကမ်းချက်များ၊ အခါအားလျော်စွာ ချမှတ်ထားသော စည်းကမ်း ချက ်များကို လိုက်နာခြင်း။

အလုပ်အကိုင်မျှဝေပါ

လျောက်ထားရန်၀င်ပါ

အသိပေးချက်များအသက်သွင်းရန် လုံခြုံမှုရှိပါစေ - နောက်ဆုံးရ အလုပ်များနှင့်သတင်းအချက်အလက်များရယူပါ
အသက်သွင်းရန်
အသိပေးချက်များရပ်ဆိုင်းရန် နောက်ဆုံးရအလုပ်များနှင့် သတင်းများအသိပေးချက်ရယူနေမှုကိုရပ်ဆိုင်းပါ။
ရပ်ဆိုင်းရန်
Yangon
| အချိန်ပြည့်အလုပ်အမျိုုးအစား |
$ လျှို့၀ှက်အပ်သော
Yangon
| အချိန်ပြည့်အလုပ်အမျိုုးအစား |
$ လျှို့၀ှက်အပ်သော
Yangon
| အချိန်ပြည့်အလုပ်အမျိုုးအစား |
MMK 400,000 - 600,000
Yangon
| အချိန်ပြည့်အလုပ်အမျိုုးအစား |
$ လျှို့၀ှက်အပ်သော