MyJobs မှာ အခမဲ့ စီဗီ ရယူလိုက်ပါ။ သင့်ရဲ့ အလုပ်အကိုင် ရာဇဝင်ကို ၈၀% ပြည့်အောင် ဖြည့်စွက်ပြီး အဆင်သင့် စီဗီ ကို အခမဲ့ ရယူနိုင်ပါပြီ။  ဤနေရာတွင် ဖြည့်လိုက်ပါ။
Centre for Better Living Medical Centre (CBL) <Expired>
အရွယ်စား:
n/a
အမျိုးစား:
n/a
လုပ်ငန်းကဏ္ဍ:
n/a
၀ဘ်ဆိုဒ်:
n/a

Centre for Better Living Medical Centre (CBL) <Expired>

တိုက်ဆိုင်မှုမတွေ့ရှိပါ

အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် အလုပ်ခေါ်စာများနှင့် အသက်မွေးဝမ်းကြောင်းနှင့်ပတ်သတ်သော သိမှတ်ဖွယ်ရာ အချက်အလက်များ ပါဝင်တဲ့ကျွန်တော်တို့ရဲ့ သတင်းလွှာကို တိုက်ရိုက်ရယူနိုင်ပါပြီ။

အကြောင်း Centre for Better Living Medical Centre (CBL) <Expired>

CBL Medical Centre ကိုစင်ကာပူနိုင်ငံ၏ အကြီးဆုံး ပုဂလိကဆေးရုံလုပ်ငန်းစု ဖြစ်သည့်Parkway Health
Singapore ၏ မြန်မာပြည် ကိုယ်စားလှယ်ရုံးခွဲ အဖြစ် (၂၀၀၉) ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

ထိုအချိန်မှစ၍ှ စင်ကာပူနိုင်ငံ Parkway East Hospital, Mount Elizabeth Orchard Hospital, Mount
Elizabeth Novena Hospital နှင့်Gleneagles Hospital များသို့သွားရောက်ဆေးကုသလိုသူများအတွက်
လိုအပ်သည်များကို CBL Medical Centre ရှိMedical Liaison Officers များနှင့် စင်ကာပူရှိဆေးရုံများမှ
ဆရာဝန်ကြီးများ ပူးပေါင်း၍ ဆွေးနွေးအကြံပေးခြင်း၊ လိုအပ်သည်များကို ဆောင်ရွက်ပေးခြင်း
စသည့်ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးပါသည်။

ထို့နောက် ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ “CBL Medical Centre” များကို အဆင့်မြှင့်တင်၍
ပြင်ပလူနာကုသပေးခြင်း၊ အထူကုဆရာဝန်ကြီးများနှင့် ဆွေးနွေးကုသခြင်း၊ အဆင့်မြင့် စက်ကိရိယာများ၊
ပုံရိပ်ဖော်စက်များ၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းများဖြင့် ရောဂါရှာဖွေဖော်ထုတ်ပေးခြင်း၊ အဆင့်မြင့်
ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခြင်း စသည် ကျန်းမာရေးဝန်ဆောင်မှုတို့ကို တိုးမြှင့်
ဆောင်ရွက်နေပါသည်။

(၂၀၁၆) ခုနှစ်မှစ၍ Parkway Cancer Centre, Singapore နှင့်အကျိုးတူပူးပေါင်းဆောင်ရွက်မှု အနေဖြင့်
“CBL Chemotherapy Centres” များကို ဖွင့်လှစ်ခဲ့ပြီး ကင်ဆာဆေးသွင်းကုသ မှုများကို စင်ကာပူ
စံချိန်စံညွှန်းများနှင့်အညီဆောင်ရွက်ပေးခဲ့ပါသည်။

(၂၀၁၇) ခုနှစ်တွင် “CBL Breast Clinic” ကို ဖွင့်လှစ်၍ ရင်သားဓာတ်မှန်ရိုက်ကူးခြင်း အပါအ၀င်
ရင်သားဆိုင်ရာရောဂါ များအတွက် ရောဂါရှာဖွေခြင်း၊ ဆက်လက်ဆေးကုသခြင်း များကို စင်ကာပူမှ
ဆရာဝန်ကြီးများနှင့်ပြည်တွင်းမှအထူးကုဆရာဝန်ကြီးများမှ ဆောင်ရွက်ပေးလျက်ရှိပါသည်။
CBL Medical Centre လက်ရှိဝန်ဆောင်မှုပေးနေသော ကျန်းမာရေးလုပ်ငန်းများမှာ အောက်ပါအတိုင်း
ဖြစ်ပါတယ်။

• Medical and Laboratory Referral Service
• Health Screening Service
• Clinic Service
• Diagnostic & Laboratory Service
• Chemotherapy Service
• Breast Clinic
• Mobile Laboratory and Home Care Service

၀ဘ်ဆိုဒ်
'n/a'
လုပ်ငန်းကဏ္ဍ
n/a
ကုမ္ပဏီအရွယ်စား
n/a
ရုံးချုပ်များ
n/a
အမျိုးစား
n/a
တည်ထောင်ခဲ့သည်
n/a
နောက်တွင်ဆက်လက်
n/a

ယခုစာမျက်နှာကိုမျှဝေပါ