MyJobs မှာ အခမဲ့ စီဗီ ရယူလိုက်ပါ။ သင့်ရဲ့ အလုပ်အကိုင် ရာဇဝင်ကို ၈၀% ပြည့်အောင် ဖြည့်စွက်ပြီး အဆင်သင့် စီဗီ ကို အခမဲ့ ရယူနိုင်ပါပြီ။  ဤနေရာတွင် ဖြည့်လိုက်ပါ။
Power Moto Co.Ltd
အရွယ်စား:
11-25
အမျိုးစား:
တိုက်ရိုက်အလုပ်ခန့်အပ်ခြင်း
လုပ်ငန်းကဏ္ဍ:
မော်တော်ယာဉ်နှင့် လေကြောင်းလုပ်ငန်း
၀ဘ်ဆိုဒ်:
n/a

Power Moto Co.Ltd

တိုက်ဆိုင်မှုမတွေ့ရှိပါ

အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် အလုပ်ခေါ်စာများနှင့် အသက်မွေးဝမ်းကြောင်းနှင့်ပတ်သတ်သော သိမှတ်ဖွယ်ရာ အချက်အလက်များ ပါဝင်တဲ့ကျွန်တော်တို့ရဲ့ သတင်းလွှာကို တိုက်ရိုက်ရယူနိုင်ပါပြီ။

အကြောင်း Power Moto Co.Ltd

Power Moto Company is a sole distributor in Myanmar which is proudly distributing Austria Brand KTM Sportmotorcycles and Indian Brand Bajaj RE Tricycles. We have started our business in August, 2015 and nowadays, we have been operating head offices and branch offices in Yangon, Bago, Mandalay and other 22 cities.


ကျွန်တော်တို့ Power Moto Company သည် မြန်မာပြည် ဥရောပ Austria Brand ဖြစ်သည့် KTM Sportmotorcycles များ၊ အိန္ဒိယ အမှတ်တံဆိပ်ဖြစ်သည့် Bajaj RE သုံးဘီးဆိုင်ကယ်များကို မြန်မာပြည်အတွက် တစ်ဦးတည်းသော တရားဝင် ကိုယ်စားလှယ်အဖြစ် ဂုဏ်ယူစွာ ဖြန့်ဖြူး ရောင်းချလျက်ရှိပါတယ်။


ဝယ်ယူသူထံသို့တိုက်ရိုက်ရောင်းချသည့်စနစ်များရှိသလို၊နယ်ကိုယ်စားလှယ်များမှတစ်ဆင့်ရောင်းချခြင်းလုပ်ငန်းများရှိပါတယ်။


၂၀၁၅ခုနှစ်၊သြဂုတ်လဆန်းပိုင်းမှစတင်ပြီးလုပ်ငန်းများလုပ်ကိုင်လျက်ရှိရာ၊ယခုအခါတွင်မန္တလေးမြို့၊ပဲခူးမြို့နှင့်ရန်ကုန်မြို့တို့တွင်ရုံးချုပ်နှင့်ရုံးခွဲများအပြင်အခြားမြို့ပေါင်း(၂၂)မြို့ကျော်တွင်ကိုယ်စားလှယ်ဆိုင်များလည်း ဖွင့်လှစ်ထားရှိပြီးဖြစ်ပါသည်။


မိတ်ဆွေအနေနဲ့ မော်တော်ဆိုင်ကယ်များနဲ့ပါတ်သတ်ပြီးအထူးစိတ်ပါဝင်စားသည်ဖြစ်စေ၊သုံးဘီးဆိုင်ကယ်အမျိုးအစားများနှင့် ပါတ်သတ်၍စိတ်ပါဝင်စားသည်ဖြစ်စေ၊မိမိကျွမ်းကျင်သောကဏ္ဍမှာတာဝန်ထမ်းဆောင်ရင်းကျွန်တော်တို့ကုမÜဏီနဲ့ချိတ်ဆက်အလုပ်လုပ်နိုင်ပါတယ်။


KTM Sportmotorcycles ကဏ္ဍတွင် ကမ္ဘာကျော် စွမ်းဆောင်ရည်မြင့် မော်တော်ဆိုင်ကယ်အမျိုးအစားစုံ (Naked, Street, Supersport, Off-road, Adventure, Superbike)၊ အင်ဂျင်ပါဝါအနေနဲ့ ၂၀၀ စီစီ (မြင်းကောင်ရေ ၂၆ ကောင်အား) မှ ၁၃၀၁စီစီ(မြင်းကောင်ရေ၁၈၀အား)အထိရှိပါတယ်။မြန်မာပြည်သားများကဂုဏ်ယူစွာမောင်းနှင်လျက်ရှိပါတယ်။သွက်လက်ပေါ့ပါးပြီး၊ လိုရာခရီးကို လျှင်မြန်စွာ သွာလာနိုင်သော၊ ခရီးဝေး၊ ခရီးကြမ်းများပါ ဖြတ်ကျော်နိုင်သော စွမ်းရည်မြင့်
မော်တော်ဆိုင်ကယ်များဖြစ်ပါတယ်။


Bajaj RE သုံးဘီးဆိုင်ကယ်ကဏ္ဍမှာတော့ မြန်မာပြည်\ မိသားစုများရဲ့ သယ်ယူပို့ဆောင်ရေးမှစ၍ မြို့ပြအငှားယာဉ်အနေနဲ့
လုပ်ငန်းလုပ်ကိုင်လို့အဆင်ပြေတဲ့အတွက်လက်ရှိမြို့ပေါင်း(၂၂)မြို့ကျော်မှဖောက်သည်ပေါင်း(၃၀၀၀)ကျော်အသုံးပြုလျက်ရှိပါတယ်။ဆက်လက်ပြီးတော့လည်းလူထုရဲ့ချစ်ခင်မှု၊စိတ်ဝင်စားမှုများအရှိန်အဟုန်နဲ့ မြင့်တက်လျက်ရှိပါတယ်။


ယခုအခါတွင်လုပ်ငန်းများတိုးချဲ့လာသည့်အလျောက်သွက်လက်တက်ကြွသောလူငယ်အသိပညာရှင်၊ အတတ်ပညာရှင်များကို အထူးလိုအပ်လျက်ရှိပါတယ်။မိတ်ဆွေရဲ့တောက်ပတဲ့အနာဂတ်အတွက်၊ရာထူး၊လစာ၊ဘ၀ရပ်တည်ချက်ဆိုင်ရာတိုးတက်ထွန်းကားမှုများစွာကို ဖန်တီးဖို့ ကျွန်တော်တို့နဲ့အတူ ချိတ်ဆက်နိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါးလိုက်ပါတယ်။

၀ဘ်ဆိုဒ်
'n/a'
လုပ်ငန်းကဏ္ဍ
မော်တော်ယာဉ်နှင့် လေကြောင်းလုပ်ငန်း
ကုမ္ပဏီအရွယ်စား
11-25
ရုံးချုပ်များ
n/a
အမျိုးစား
တိုက်ရိုက်အလုပ်ခန့်အပ်ခြင်း
တည်ထောင်ခဲ့သည်
n/a
နောက်တွင်ဆက်လက်
n/a

ယခုစာမျက်နှာကိုမျှဝေပါ