စည်းကမ်းနှင့်သတ်မှတ်ချက်များ

MyJobs Myanmar ဝဘ်ဆိုဒ်("ဆိုဒ်") မှရရှိနိုင်မည့် သတင်းအချက်အလက်နှင့် ဝန်ဆောင်မှုများအားအသုံးမပြုမှီ ယခုသဘောတူညီချက်ကို သတိပြုဖတ်ရှုနားလည်ထားရန်ဖြစ်သည်။ ဝဘ်ဆိုဒ် အသုံးပြုခြင်းသို့မဟုတ် ဝင်ရောက်ခြင်းဖြင့် သင်သည်ယခု စည်းကမ်းချက်များနှင့် အခြေအနေ အရပ်ရပ်ကိုသဘောတူညီထားပြီးဖြစ်သည်။ MyJobs Myanmar က ယခုသဘောတူညီချက်ကို အချိန်မရွေးပြင်ဆင်နိုင်မည်ဖြစ်ပြီး ယင်းသို့ပြင်ဆင်ချက်များသည် ပြင်ဆင်ထားသည့် သဘောတူညီချက်အား ဝဘ်ဆိုဒ် တွင်တင်သည့်အချိန်တွင် တစ်ဆက်တည်း အတည်ဖြစ်သည်။ ကြော်ငြာတင်သူစည်းကမ်းချက်များနှင့်အခြေအနေများကို MyJobs ၏ဝန်ဆောင်မှုကိုအသုံးပြုသည့် ကြော်ငြာတင်သူက ဝဘ်ဆိုဒ်နှင့်ဝန်ဆောင်မှု အသုံးပြုရာတွင် လက်ခံသိရှိထားရန်မှာ မဖြစ်မနေလိုအပ်ချက်ဖြစ်သည်။

မူပိုင်ခွင့်နှင့် ကုန်ပစ္စည်းအမှတ်တံဆိပ်များ

ယခုဝဘ်ဆိုဒ်မှ အရာအားလုံးနှင့် သက်ဆိုင်သည့် မူပိုင်ခွင့်နှင့် ကုန်ပစ္စည်းအမှတ်တံဆိပ်များကို အခြားဖော်ပြချက်မပါဝင်ပါက MyJobs.com.mm ("MyJobs Myanmar") မှပိုင်ဆိုင်၍ သင့်အနေဖြင့် MyJobs.com.mm, မိခင်ကုမ္ပဏီ Ringier AGသို့မဟုတ် ဆက်စပ်ကုမ္ပဏီများ Pyramid Solutions Co.,Ltd နှင့် www.MyJobs.com.mm မှပိုင်ဆိုင်သည့် မူပိုင်ခွင့်ကိုမချိုးဖောက်ရန်သဘောတူညီထားပြီးဖြစ်သည်။

ပုဂ္ဂိုလ်ရေးနှင့် စီးပွားဖြစ်မဟုတ်သည့် အသုံးပြုမှုအတွက်အချက်အလက်

ယခုဝဘ်ဆိုဒ်တွင်ပါဝင်သည့် အချက်အလက်များသည် ပုဂ္ဂိုလ်ရေးအတွက်အသုံးပြုရန်သာဖြစ်ပြီး ရောင်းချရန်အခွင့်မရှိကြောင်း (သို့) မည်သည့်စီးပွားဖြစ်စေရန်ရည်ရွယ်ချက်ဖြင့်အသုံးပြုခြင်းမရှိစေရန် ကြော်ငြာရှင်ဆက်သွယ်ရန်တာဝန်ခံအဖြစ်ဖော်ပြခြင်းကို အသိပေးခြင်းဘဲအသုံးပြုခြင်းသည် ယခုစာပိုဒ်နှင့် အကျုံးဝင်သော်လည်း ကန့်သတ်ထားခြင်းမရှိပါ) သင်သဘောတူညီထားပြီးဖြစ်သည်။ ယခုဝဘ်ဆိုဒ်မှ အချက်အလက်များကို ဒေါင်းလုဒ်ရယူနိုင်သော်လည်း သင့်ပုဂ္ဂိုလ်ရေးအကျိုးနှင့် စီးပွားဖြစ်မဟုတ်သည့် အသုံးပြုမှုအတွက်သာလျှင် မူပိုင်ခွင့်နှင့် အခြားပိုင်ဆိုင်မှုဆိုင်ရာအသိပေးချက်တို့အား ချိုးဖောက်ခြင်းမရှိဘဲသာလျှင် အသုံးပြုရန်ခွင့်ပြုထားသည်။ MyJobs.com.mmတွင် ပြင်ဆင်ခြင်း၊ ကူးယူခြင်း၊ ပြန်လည်ထုတ်ဝေခြင်း၊ တင်သွင်းခြင်း၊ ပိုစ့်တင်ခြင်း၊ ထုတ်လွှင့်ခြင်း သို့မဟုတ် ထုတ်ဝေခြင်းကိုမည်သည်နည်းလမ်းနှင့်မဆို ယခုဝဘ်ဆိုဒ်မှ မည်သည့်အချက်အလက်ကိုမဆို သို့မဟုတ် မည်သည့်ဗားရှင်းကမဆို ကိုအခြားသူတစ်ဦးအတွက်ကိုယ်စားပြု၍ အခပေးအဖွဲ့ဝင်အဖြစ်ပါဝင်လုပ်ဆောင်ခြင်းမပြုလုပ်ရန် သင်သဘောတူညီထားပြီးဖြစ်သည်။ ယခုဝဘ်ဆိုဒ်နှင့် အလားတူအခြားဗားရှင်းတို့မှ မည်သည့်အချက်အလက်ကိုမဆို ပြင်ဆင်ခြင်း၊ ကူးယူခြင်း၊ ပြန်လည်ထုတ်ဝခြေင်း၊ ပြန်လည်ပုံနှိပ်ခြင်း၊ တင်သွင်းခြင်း၊ ပိုစ့်တင်ခြင်း၊ ထုတ်လွှင့်ခြင်း သို့မဟုတ် ဖြန့်ဝေခြင်းကိုသင်ပြုလုပ်ရန်အခွင့်မရှိပါ။ ကုဒ်၊ ရုပ်ပုံများ၊ ကြော်ငြာအချက်အလက်၊ ကြော်ငြာရှင်၏အချက်အလက်၊ လိုကို၊ အလုပ်အချက်အလက်၊ ထုတ်ကုန်အချက်အလက်၊ အထွေထွေအချက်အလက်၊ အခပေးအချက်အလက်၊ ကြော်ငြာများ၊ ကြော်ငြာရှင်အသေးစိတ်များ၊ အသုံးပြုသူအမြင်အပြင်အဆင်ဒီဇိုင်းနှင့် ဆောဖ်ဝဲ တို့မှာယခုစာပိုဒ်တွင်အကျုံးဝင်သော်လည်း ကန့်သတ်မထားပါ။ သင့်အနေဖြင့် ယခုဆိုဒ်ကို ဥပဒေနှင့်မညီသည့် သို့မဟုတ် ယခုအသုံးပြုမှုဆိုင်ရာစည်းကမ်းချက်များမှတားမြစ်ထားသည့်ရည်ညွန်းချက်ဖြင့် အသုံးပြုရန်အခွင့်မရှိစေရ။ အချက်အလက်တူးဖော်ခြင်း၊ စက်ရုပ်များ၊ စခရင်မှတ်သားခြင်း သို့မဟုတ် အလားတူအချက်အလက်စုဆောင်းခြင်းနှင့် ကူးထုတ်ခြင်းကိရိယာများကိုယခုဆိုဒ်တွင် စတင်ထူးထောင်ခြင်း၊ ပြင်ဆင်ခြင်း၊ အဆင့်မြင့်တင်ခြင်း သို့မဟုတ် ကျွန်ုပ်တို့ဝဘ်ဆိုဒ်တွင်ပါဝင်သည့်အချက်အလက်ကို သင့်ကိုယ်ပိုင်ဝဘ်ဆိုဒ်တွင်အချက်အလက်ပြန်လည်ထုတ်ဝေခြင်း သို့မဟုတ်အခြားတစ်နေရာရာတွင်ပုံနှိပ်ထုတ်ဝေခြင်းကို ကျွန်ုပ်တို့ထံမှစာဖြင့်ရေးသားသည့် ကြိုတင်သဘောတူညီချက်မပါဘဲ အသုံးပြုရန်သင့်တွင်အခွင့်မရှိစေရ။ အဖွဲ့ဝင်အဖြစ်ရယူခြင်းနှင့် ဝဘ်ဆိုဒ်အတွင်းဝင်ရောက်ရန်ကန့်သတ်ထားသည့်နေရာတို့ကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းတို့ကို ပုဂ္ဂိုလ်ရေးအကျိုးတွက် သို့မဟုတ် စီးပွားဖြစ်စေရန်ရည်ညွှန်းချက်ဖြင့် ဝင်ရောက်ခြင်းသည် ပိုင်နက်ကျူးလွန်မှုအဖြစ်သက်ရောက်သည်ကို သင် သိရှိနားလည်သဘောတူညီထားပြီးဖြစ်သည်။

ပရောဖက်ရှင်နယ်အကြံပြုချက်အဖြစ်မသက်ရောက်သည့် အချက်အလက်

MyJobs Myanmar မှထုတ်ပြန်ထားသည့်အချက်အလက်များသည် ဥပဒေကြောင်းအရသော်လည်းကောင်းအခြား ကိစ္စအရပ်ရပ်အတွက်လည်းကောင်း အထွေထွေအချက်အလက်ကို ချုံငုံဖော်ပြထားသည့်သဘောဖြင့်ရည်ညွှန်းဖော်ပြထားခြင်းဖြစ်ကြောင်းကို သင်နားလည်သိရှိ၍ သဘောတူညီထားပြီးဖြစ်သည်။ MyJobs Myanmar ကမည်သည့်ကြော်ငြာရှင်၊ အလုပ်ရှင်များ၊ အလုပ်လျှောက်ထားသူများ သို့မဟုတ် ဝဘ်ဆိုဒ်တွင်ကြော်ငြာထားသည့် ကုန်ပစ္စည်းများကို ထောက်ခံထားခြင်း သို့မဟုတ် အကြံပြုထားခြင်းမရှိကြောင်းနှင့် ဝဘ်ဆိုဒ်တွင်ဖော်ပြထားသည့် ကြော်ငြာရှင်နှင့် မည်သည့်သဘောတူညီချက်ကိုမဆိုမလုပ်ဆောင်မှီ ယင်းလုပ်ဆောင်ချက်နှင့်ဆိုင်သည့် သင့်အားတိုက်ရိုက် ဥပဒေကအပ်နှင်းထားသည့်အခွင့်၊ စာရင်းစစ်၊ ငွေကြေးဆိုင်ရာ၊ ဖောက်သည်၏ကျော်ကြားမှု၊ ကိုးကားချက်၊ နောက်ကြောင်းစစ်ဆေးခြင်း သို့မဟုတ် အခွန်ကောက်ဆိုင်ရာကိစ္စရပ်များကို သင့်ကိုယ်ပိုင်အခွင့်သာဖြစ်ကြောင်း သင့်လျှော်သည့် အရေးကြီးအကြံပြုချက်ပေးထားပြီးဖြစ်ကြောင်းသတိချပ်ရန်ဖြစ်သည်။

ယခုဝဘ်ဆိုဒ်တွင်ဖော်ပြထားသည့်အချက်အလက်များမှ အတွေးအမြင်များ၊ အကြံဉာဏ်၊ ဝန်ဆောင်မှုများ၊ ကုန်သွယ်ရောင်းချမှု၊ ကုန်ပစ္စည်းများနှင့် အခြားဖော်ပြချက်များ သို့မဟုတ် အင်တာနက်အတွင်းဖော်ပြချက်များ၏ အမှန်ကန်မှုနှုန်း၊ ပြည့်ဝစုံလင်မှု နှင့် အသုံးဝင်နိုင်မှုတို့နှင့်ဆိုင်သည့်အကဲဖြတ်ရန်တာဝန်မှာ သင့်တာဝန်ခံမှုအတွင်းသာဖြစ်ကြောင် သင်သဘောတူလက်ခံထားပါသည်။ ဝဘ်ဆိုဒ်တွင်ပါဝင်သည့် သို့မဟုတ် ဝဘ်ဆိုဒ်မှထုတ်လွှင့်သည့် မည်သည့်အချက်အလက်အတွက်ကိုမဆို၊ သင်သို့မဟုတ်အခြားမည်သူမဆို ချမှတ်သည့်ဆုံးဖြတ်ချက် သို့မဟုတ် ဆောင်ရွက်မှု ယုံကြည်ချက်ဆောင်ရွက်မှုတစ်စုံတစ်ရာအတွက်ကိုမဆို MyJobs Myanmar မှ သင်သို့မဟုတ်အခြားမည်သူ့ကိုမဆိုပေါ်တွင် တာဝန်ခံရန် အရေးကိစ္စမရှိစေရ။

ရရှိနိုင်မှုအနေအထားအာမခံထားခြင်းမရှိ

MyJobs Myanmar က ဝဘ်ဆိုဒ်တွင်ကြော်ငြာထားသည့် အလုပ်တစ်စုံတစ်ရာ သို့မဟုတ် ကုန်ပစ္စည်း တစ်စုံတစ်ရာနှင့်ဆက်စပ်၍ ရနိုင်ရန်အခွင့်အားလည်ကောင်း၊ ကြော်ငြာတင်သူကဖြည့်စွက်ထားသည့်အတွက် သင့်ထံတွင် တာဝန်ခံရန်အရေး သို့မဟုတ် အလုပ်အကိုင်အခွင့်အလမ်းတစ်ခုပယ်ဖျက်ထားခြင်အတွက်အားလည်းကောင်း၊ ကြော်ငြာမပယ်ဖျက်မှီကာလအတွင်းအလုပ်လျှောက်ထားသူရရှိနိုင်မှုအခြေအနေအတွက်လည်းကောင်း၊ ဆိုဒ်မှ အလုပ်ရာဇဝင် (စီဗီ) ရရှိနိုင်ရန်အတွက်လည်းကောင်း အာမခံထားခြင်းမရှိပါ။ တစ်ချိန်တည်းမှာပင် MyJobs Myanmar က အလုပ်များ သို့မဟုတ် ကြော်ငြာထားသည့်အလုပ်လျှောက်ထားမှုများ မှန်ကန်မှုရှိစေရန်နှင့် အလုပ်အတွက်သက်ဆိုင်သည့်အချက်အလက် သို့တည်းမဟုတ် လူပုဂ္ဂိုလ်တစ်ဦးအဖြစ်မှန်ကန်မှုရှိစေရန် ကြိုးပမ်းအားထုတ်လျှက်ရှိသော်လည်း အလုပ်တိုင်း သို့မဟုတ် အလုပ်လျှောက်ထားသူဖော်ပြချက်တိုင်းသည် အမှားယွင်းကင်းကြောင်းသို့မဟုတ် အပြည့်အဝမှန်ကန်ကြောင်းအာမခံပေးမည်မဟုတ်ပါ။ ကျွန်ုပ်တို့ချိတ်ဆက်ထားသည့် ဝဘ်ဆိုဒ်များ သို့မဟုတ် ကျွန်ုပ်တို့အားချိတ်ဆက်ထားသည်များအတွက် အာမခံထားခြင်း ထောက်ခံထားခြင်းမရှိ MyJobs Myanmar က တတိယပုဂ္ဂိုလ်ထံမှ လင့်များ၊ လမ်းညွှန်ချက်များကို၎င်း၏ ဝဘ်ဆိုဒ်တွင်ဖော်ပြထားနိုင်သည်။ ယင်းလင့်ပေးထားသည့်ဆိုဒ်များသည် MyJobs Myanmar ၏ထိန်းချုပ်မှုအောက်တွင်ရှိသည်မဟုတ်၍လည်းကောင်း၊ ၎င်းလင့်ပေးထားသည့်ဆိုဒ်များတွင်ပါဝင်သည့် အချက်အလက်များ(မှန်ကန်မှုနှုန်း၊အမှန်ဖြစ်ခြင်းသို့မဟုတ်လုပ်ဆောင်ချက်များအပါအဝင်)၊ သို့မဟုတ် လင့်ပေးထားသည့်ဆိုဒ်တွင်ပါဝင်သည့် လင့်များအတွက် တာဝန်ခံထားခြင်းမရှိပါ။ MyJobs Myanamr ကယင်းလင့်များကို သင့်အဆင်ပြေချောမွေ့စေရန်ရည်ရွယ်ချက်ဖြင့်သာဖော်ပြထားခြင်းဖြစ်ပြီး မည်သည့်လင့်ကိုမဆိုထည့်သွင်းထားခြင်းသည် MyJobs Myanmar မှထောက်ခံထားခြင်းအဖြစ်လည်းမှတ်ယူနိုင်မည်မဟုတ်ပါ။ ချိတ်ဆက်ထားသည့် ဆိုဒ်နှင့်ဆိုင်သည့် မူပိုင်ခွင့်ဆိုင်ရာအရေးကိစ္စများသည်လည်း MyJobs Myanmar ၏တာဝန်ခံမှုအပိုင်းတွင်မရှိရပါ။ မည်သည့်ပုံစံအမျိုးအစားနှင့်မဆိုဖြစ်ပေါ်လာသည့် ထိခိုက်နစ်နာမှု သို့မဟုတ် ဆုံးရှုံးမှု နှင့်ဆက်စပ်၍သော်လည်းကောင်း၊ မည်သည့်တတိယပုဂ္ဂိုလ် ပံ့ပိုးသည့် ဝန်ဆောင်မှုအတွက်ကိုမဆို သို့မဟုတ် မည်သည့်အချက်အလက်တွက်မဆိုမမျှော်လင့်ဘဲဖြစ်ပွားသည့်အငြင်းပွားဖွယ်ကိစ္စရပ်တွက်ကိုမဆို MyJobs Myanmar ကတာဝန်ခံရန်အရေးမရှိစေရ။

အာမခံထားခြင်းမရှိသည့်ဝန်ဆောင်မှု

MyJobs Myanmar က၎င်းဝဘ်ဆိုဒ်မှ ရရှိနိုင်သည့်ယေဘုယျဝန်ဆောင်မှုများ သည် အနှောက်ယှက်ခံရမှုမရှိခြင်း သို့မဟုတ် အမှားအယွင်းကင်းခြင်း သို့မဟုတ် ဝန်ဆောင်မှုအတွင်းကပျက်ယွင်းမှုအတွက် ပြင်ဆင်ပေးရန်အတွက် အာမခံထားခြင်းမရှိပါ။ သင်လည်းနားလည်ထားမည်ဖြစ်သည့်အတိုင်း ဝဘ်ဆိုဒ်အတွင်းမှသင်ဒေါင်းလုဒ်ရယူနိုင်မည့် ဖိုင်များ၊ သို့မဟုတ် အီလက်ထရောနစ်စာပို့စနစ်(အီးမေး) မှပေးပို့ထားသည်များတွင် မသမာသည့်နည်းပညာကူးယူထားခြင်းသို့မဟုတ် ဗိုင်းရပ်၊ ဝမ်၊ ထရိုဂျန်များသို့မဟုတ် အခြားသံသယမကင်းသည့်ကုဒ်များ သို့မဟုတ် ပိုင်ဆိုင်မှုထိခိုက်စေနိုင်သည်များ ရှိမရှိကို အာမခံထားခြင်း သို့မဟုတ် တာဝန်ခံထားခြင်းတို့ကို MyJobs Myanmar ကဆောင်ရွက်ရန်အနေအထားမရှိ၍ ဆောင်ရွက်ထားခြင်းလည်းမရှိပါ။ သင့်ကိုယ်တိုင် သီးခြားလိုအပ်ချက်အတွက်ဖြည့်စွက်သည့်အချက်အလက် ပြန်လည်ရရှိသည့်အချက်အလက်မှန်ကန်မှုနှုန်း ထားအတွက် လုံလောက်သည့်လုပ်ထုံးလုပ်နည်းများ ထားရှိရန်နှင့် ဆိုဒ်ပြင်ပတွင်ပြုလုပ်သည်ပြင်ဆင်ပြုပြင်မှုများအတွက် ဖြစ်ပေါ်လာသည့်အချက်အလက်ဆုံးရှုံးမှုမှာ သင့်တာဝန်သာဖြစ်သည်။

သင်ပေးပို့ထားသည့်အချက်အလက်များကျွန်ုပ်တို့အသုံးပြုနိုင်ခွင့်

MyJobs Myanmar ကသင့်ထံမှ ဝဘ်ဆိုဒ်နှင့်သက်ဆိုင်သည့် မည်သည့်အကြံအဉာဏ်၊ သုံးသပ်ချက်ကိုမဆို ကြိုဆိုလက်ခံလျှက်ရှိပါသည်။ ဝဘ်ဆိုဒ်အတွင်း အများမြင်နိုင်သည့်နေရာ (ဘိုလ်တင်ဘုတ်များ၊ ဖိုရမ်းများနှင့် သတင်းအဖွဲ့များ) သို့မဟုတ် အီးမေးမှတစ်ဆင့်သို့မဟုတ် အခြားနည်းလမ်းများဖြင့် MyJobs Myanmar သို့ဆက်သွယ်ပေးပို့ထားသည့် မည်သည့်အရာကိုမဆိုနှင့် အခြားမည်သည့်အချက်အလက်ကိုမဆို(အသစ်သောအကြံဉာဏ်သို့မဟုတ် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုမြင့်တင်ရန်) သင်ပေးပို့ထားသည်တို့ကို ပြန်လည်ထုတ်ဝရေန်၊ ဖြန့်ချိရန်၊ ထုတ်လွင့်ရန်၊ အတည်လုပ်ဆောင်ရန် နှင့် အများသူမြင်သာအောင်ဖော်ပြနိုင်ရန် အခွင့်ရှိကြောင်း သင်သဘောတူညီထားပြီးဖြစ်သည်။ (သင်ပေးပို့လာသည့်အချက်အလက်များအား ကျွန်ုပ်တို့မည်သို့လုပ်ဆောင်သည်ကို ကျွန်ုပ်တို့၏ လုံခြုံရေးဆိုင်ရာစာတမ်းတွင်ဖတ်ရှုနိုင်ပါသည်။)

သင့်အချက်အလက်များလုံခြုံမှုရှိရန်အာမခံထားခြင်းမရှိသည့်အခြေအနေ

MyJobs Myanmar ကသင်ပံ့ပိုးထားသည့်အချက်အလက်များ၏ လုံခြုံရေးနှင့် ချိုးဖောက်မှုမရှိစေရန်အတွက်လျှော်ကန်သည့် ထိန်းသိမ်း စောင့်ရှောက်မှုပြုလုပ်ထားပြီးဖြစ်သော်လည်း၊ ၎င်းအချက်အလက်များကို အင်တာနက်တွင်တစ်နေရာမှတစ်နေရာလွဲပြောင်းသည့်အချိန်သို့မဟုတ် MyJobs Myanmar ၏စနစ်အတွင်းသိမ်းဆည်းထားသည့်အခြေအနေတွင် သို့မဟုတ် MyJobs Myanmar ၏ ဝဘ်ဆိုဒ်အတွင်း အခြားတတိယပုဂ္ဂိုလ်မှ တရားမဝင်ရယူနိုင်သည့်အခြေအနေတစ်ရပ်လည်းရှိလာနိုင်ပါသည်။ ဤသို့သောအခြေအနေဖြစ်ပွားသည့် အခြေအနေတစ်ရပ်ရပ်အတွက် MyJobs Myanmar မှတာဝန်ခံမည်မဟုတ်ဘဲ ဥပဒေကြောင်းအရဆောင်ရွက်နိုင်သည့်အခြေအနေအားလုံးသည်လည်းသင်၏အခွင့်သာဖြစ်သည်။

လျှို့ဝှက်နံပါတ်နှင့် ဝင်ရန်အတွက် သင်၏ဝတ္တရား

မှတ်ပုံတင်အသုံးပြုသူတစ်ဦးဖြစ်ရန်အတွက် သင့်အနေဖြင့် လျှို့ဝှက်နံပါတ်နှင့် ဝင်ရန်အမည်တို့ကိုပေးရန်လိုအပ်ပါမည်။ သင့်လျှို့ဝှက်နံပါတ်နှင့် ဝင်ရန်အမည်တို့ကို လျှို့ဝှက်သိမ်းဆည်းရန်ပျက်ကွက်ခြင်းအတွက် သင့်တွင်အပြည့်အဝတာဝန်ရှိပါသည်။ ထိုထက်ပို၍ သင့်ဝင်ရန်အမည်နှင့်ဆက်စပ်၍ဖြစ်ပေါ်လာသည့် လှုပ်ဆောင်ချက်အားလုံးအတွက် သင့်တွင်အပြည့်အဝတာဝန်ရှိသည်။ သင့်အနေဖြင့် လျှို့ဝှက်နံပါတ်ကို လမ်းညွန်ချက်များအတိုင်းအချိန်မရွေးပြောင်းလဲနိုင်သည်။ သင့်ဝင်ရန်အချက်အလက်ကိုလည်း ဖောက်သည်ဝန်ဆောင်မှုသို့ဆက်သွယ်၍ပြောင်းလဲနိုင်ပါသည်။ အသင့်ဝင်ရန်အမည်ကိုအသုံးပြု၍ အခွင့်မရှိဘဲဝင်ရာက်ခြင်း သို့မဟုတ် လုံခြုံရေးဆိုင်ရာချိုးဖောက်မှုတစ်စုံတစ်ရာအတွက် သင်သိရှိသည်နှင့် MyJobs Myanmar ထံမဆိုင်းမတွအသိပေးရန် သင်သဘောတူညီထားပြီးဖြစ်သည်။

မှားယွင်းဖော်ပြချက်များခွင့်မပြုပါ

MyJobs Myanmar အချက်အလက်သို့မဟုတ် ဝန်ဆောင်မှုနှင့် MyJobs Myanmar မှပေးသည့်အခြားဝန်ဆောင်မှုများနှင့်ဆက်စပ်၍၎င်း၊ သင်ကိုယ်တိုင်ဆောင်ရွက်ခြင်းမရှိဘဲဆိုဒ်အတွင်းမှတစ်ဆင့်လုပ်ဆောင်ချက်အတွက်လည်းကောင်း၊ မှားယွင်းသည့်ထင်မြင်ချက်ဖြစ်စေခြင်း သို့မဟုတ် အခြားသူအားလိမ်လည်ခြင်းအားလည်းကောင်း အခြင်းအရာများကို သင် MyJobs Myanmar အသုံးပြုသည့်အခြေအနေတစ်ရပ်အဖြစ်သက်ရောက်ကြောင်းသင်သဘောတူညီထားပြီးဖြစ်သည်။

အထွေထွေပြဋ္ဌာန်းချက်များ

ယခုသဘောတူညီချက်မှမည်သည့်အစိတ်အပိုင်းကိုမဆိုမှားယွင်းမှုရှိလာခဲ့ပါက ယခုသဘောတူညီချက်မှတစ်ဆင့်လုပ်ဆောင်ရန်ဖြစ်ပြီး ကျန်ရှိသည့်အချက်အလက်များမှာ မှန်ကန်၍ ဥပဒေသက်ရောက်နိုင်သည့်သဘောရှိသည်။ ယခုသဘောတူညီချက်ကိုရုတ်သိမ်းခြင်းသည် ယခုသဘောတူညီချက်ဖျက်သိမ်းပြီးသော်လည်း ဆက်လက်တည်ရှိနိုင်သည့် ပြဋ္ဌာန်းချက်များကိုရုတ်သိမ်းနိုင်မည်မဟုတ်။ ယခုသဘောတူညီချက်ကိုအသက်ဝင်စေမည့်ဥပဒေမှာ ကင်ညာနိုင်ငံအတွင်း ဥပဒေဖြစ်ပြီး စီရင်ပိုင်ခွင့်ရှိသည့်တရားရုံးတော်သို့ သင်အတည်ပြုတင်သွင်းပြီးဖြစ်သည်။ ယခုသဘောတူညီချက်တွင်ပါဝင်သည့် "MyJobs Myanmar", "Pyramid Solutions Co.,Ltd", "ကျွန်ုပ်တို့", "ကျွန်ုပ်တို့၏" နှင့် "ကျွန်ုပ်" စသည့်ဝေါဟာရအသုံးနှုန်းများသည် MyJobs.com.mm ၏ "ဝဘ်ဆိုဒ်" ဝေါဟာရသည် MyJobs.com.mm တွင်ပါဝင်သည့် အချက်အလက်အကြောင်းအရာများကိုရည်ညွန်းသည်။